“ပွင့်လင်းရာသီအတွက် ပိုမိုလိုအပ်လာမည့် စက်သုံးဆီများအတွက် ကြိုတင်စီမံထား”

18 Aug

ပွင့်လင်းရာသီရောက်ရှိလာချိန် ပိုမိုလိုအပ်လာမယ့် စက်သုံးဆီများ အဆက်မပြတ်တင်သွင်းရောက်ရှိရေးအတွက် ကြိုတင်စီမံထားကြောင်း စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်တွင်းမှာ ရောင်းချလျက်ရှိသော စက်သုံးဆီများအနက် ဓာတ်ဆီ ၁ လီတာလျှင် ကျပ် ၄၀ နှင့် ဒီဇယ်ဆီ ၁ လီတာလျှင် ကျပ် ၁၀၀ မှကျပ် ၁၂၀ ကျပ် အထိကျဆင်းသွားသဖြင့် ပမာဏကန့်သတ်ချက်မရှိဘဲ လွယ်ကူစွာဝယ်ယူနိုင်ကြောင်း သိရပါတယ်။ သြဂုတ်လ ၁၇ ရက်က ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး အတွင်း လက်လီစျေးနှုန်းအဖြစ် 92 Ron တစ်လီတာ ၂,၉၀၀ ကျပ်၊ 95 Ron တစ်လီတာ ၂,၉၅၅ ကျပ်၊ HSD(500 ppm) တစ်လီတာ ၂,၆၁၅ ကျပ်၊ HSD(50 ppm)နှင့် HSD(10 ppm) တစ်လီတာ ၃,၂၃၅ ကျပ်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

18 Aug

ADVERTISE HERE .