“ဩဂုတ်လတွင် ဆန်ရည်ညွှန်းဈေးတည်ငြိမ်”

18 Aug

၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် ဆန်ရည်ညွှန်းဈေးထုတ်ပြန်ရာတွင် ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ ရည်ညွှန်းဈေး အတိုင်းမပြောင်းလဲဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လမှာ ပြည်တွင်းစား ဆန်တချို့နှင့် ဆန်သစ်ဈေးနှုန်းများက ဇွန်လထက် ဈေးအနည်းငယ် မြင့်တက် ခဲ့ပြီး ပြည်ပတင်ပို့တဲ့ ဆန်အမျိုးအစားများက ဈေးအနည်းငယ်ကျဆင်းခဲ့တယ်။ လစဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းစျေးနှုန်းများ၊ စည်းကမ်းချက်များနှင့်အညီရောင်းချရန်နှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန်ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိခြင်းတို့အပေါ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့်အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်း စတဲ့ထိရောက်စွာ အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များမှ အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးတိုက်တွန်းထားပါတယ်။(NVS 004)

18 Aug

ADVERTISE HERE .