“အင်းလေးဖောင်တော်ဦးဘုရားပွဲကို စက်တင်ဘာလ ၂၂ ရက်မှအောက်တိုဘာလ ၉ ရက်အထိ ကျင်းပမည်”

18 Aug

နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲကို လာမည့်စက်တင်ဘာလ ၂၂ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုပါအင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ၁၇ ရက် ကြာကျင်းပသွားမည်ဖြစ်ပြီး ဘုရားပွဲတော်အတွင်း ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များက အင်းတိန်ကျေးပေါခုံကျောင်း၊ အင်းတိန်စံကျောင်း၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစား၊ ပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်‌ကျောင်း၊ မန်ကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံ၊ ရေသာ စသည့် ၂၁ ဌာနကို ကြွချီမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားရိုးရာအစဉ်အလာအတိုင်းကျင်းပသွားမှာဖြစ်ပြီး အင်းသားရိုးရာလှေပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ အင်းလေးဖောင်တော်ဦး ရင်ပြင်တော်နှင့် ရတနာစံကျောင်းတော်အချို့အပါအဝင် ဒေသစာရီကြွချီချိန်မှာ အသုံးပြုတဲ့ကရဝိတ်ဖော်တော် ထိခိုက် ပျက်စီးမှုများရှိခဲ့တဲ့အတွက် ဘုရားပွဲတော်ကာလအမီ ပြုပြင်မွမ်းမံတဲ့လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရပါတယ်။ (NVS 008)

18 Aug

ADVERTISE HERE .