ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် တစ်သန်းကျော်တင်ပို့ထား
17 Aug
မြန်မာနိုင်ငံဒေသများမှထွက်ရှိသည့် ပြောင်းကို ပြည်ပနိုင်ငံများသို့တင်ပို့နေပြီး ယခုနှစ်ပြောင်းရာသီ ဖေဖော်ဝါရီ လမှ ဩဂုတ်လအတွင်း တန်ချိန်တစ်သန်းကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင် များအသင်းမှ သိရပါတယ်။ မြန်မာနိုင်ငံမှ ပုံမှန်ပို့နေကျအတိုင်း ထိုင်းနိုင်ငံဘက်မှ အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတဲ့ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပြောင်းများကို တင်ပို့ခဲ့ပြီး ကင်းလွတ်ခွင့်ကုန်ဆုံးသည့် ဩဂုတ်လကုန်အထိ ရန်ကုန်ဆိပ်ကမ်းနှင့် နယ်စပ်လမ်းကြောင်းဖြစ်သည့် တာချီလိတ်လမ်းကြောင်းတို့မှ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုနှစ် ပြောင်းရာသီတွင် ထိုင်းနိုင်ငံသို့ တန်ချိန် တစ်သန်းကျော် တင်ပို့ရန် ခန့်မှန်းထားပြီး ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံတို့ကိုပါ တင်ပို့လျက်ရှိပါတယ်။ ထိုင်းနိုင်ငံသို့ တင်ပို့မှုရာတွင် ယခုနှစ်အတွင်း ပြောင်းအထွက်နှုန်း အနည်းငယ်ကျဆင်းခဲ့တဲ့အတွက် ယမန်နှစ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျသွားကြောင်းနှင့် ပြောင်းဈေးနှုန်းကလည်း ယခုနှစ်တွင် ထိုင်းနိုင်ငံတွင် အကျဘက်သို့ အနည်းငယ်ရောက်ရှိနေခဲ့လို့ ယမန်နှစ်ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရပါတယ်။(NVS 004)