အမေရိကန် အခွန်ကောက်ခံမှုမှ အိန္ဒိယလယ်သမားများကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီ ပြောကြား
17 Aug
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကုန်သွယ်မှုများမြှင့်တင်ခဲ့ရာ အိန္ဒိယလယ်သမားများကို ကာကွယ် ပေးမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ က ဩဂုတ်လ ၁၄ ရက်တွင် ကတိပြုပြောကြားခဲ့သည်။ နယူးဒေလီမြို့တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ၎င်းက အဆိုပါအကြောင်းအရာကို ပြောကြားခဲ့ခြင်းဖြစ်သည်။ လယ်သမားများနှင့် ရေလုပ်သားများသည် အိန္ဒိယအစိုးရအတွက် ထိပ်တန်းဦးစားပေး ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ရုရှားမှ ရေနံစိမ်းနှင့် အခြားကုန်ပစ္စည်းများကို အိန္ဒိယကဝယ်ယူမှုကြောင့် အိန္ဒိယပို့ကုန်များအပေါ် မူလအခွန် ၂၅ ရာခိုင်နှုန်းအပြင် ထပ်တိုးအဖြစ် ၂၅ ရာခိုင်နှုန်း ထပ်မံကောက်ခံမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ထုတ်ပြန်ပြောကြားခဲ့သည်။ သို့သော် အိန္ဒိယဝန်ကြီးချုပ် မိုဒီ က လယ်သမားများနှင့် ရေလုပ်သားများ၏ အကျိုးစီးပွားကို ခြိမ်းခြောက် နေသည့် မည်သည့်မူဝါဒကိုမဆို အခိုင်အမာရင်ဆိုင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဩဂုတ်လ ၁၅ ရက်တွင် အမေရိကန်နိုင်ငံ အလက်စကာမြို့၌ ရုရှားသမ္မတနှင့် အမေရိကန်သမ္မတ တို့ တွေ့ဆုံ ခဲ့ရာတွင် ရုရှားရေနံများကို အိန္ဒိယကဝယ်ယူမှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအပေါ် ထပ်ဆောင်းသတ်မှတ်ထားသည့် အခွန် ၂၅ ရာခိုင်နှုန်းကို အမေရိကန်က ရုတ်သိမ်းပေးခဲ့ကြောင်း သိရသည်။