ဆန်ချို ကို ရိုးမားအသင်းက စတာလင်ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူမည်ဖြစ်ကြောင်း အတည်ပြု

17 Aug

လက်ရှိနွေရာသီ အပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းက ရောင်းချရန်ပြင်ဆင်နေသည့် တောင်ပံကစား သမား ဆန်ချို ကို ရိုးမားအသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူသွားဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ ဆန်ချို ဟာ ဒေါ့မွန်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပြသရန် ရုန်းကန်ခဲ့ရပြီး ဒေါ့မွန် နဲ့ ချဲလ်ဆီးအသင်းတို့ထံ အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ရပါတယ်။ မန်ယူအသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာ အရောင်းစာရင်း တင်သွင်းခဲ့တာကြောင့် ၎င်းအနေနဲ့ အသင်းမှထွက်ခွာရန်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆန်ချို အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းသို့ အပြီးသတ်ဝယ်ယူခွင့် ပါသည့် တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း ပုံစံကောင်းပျောက်ဆုံးနေခဲ့လို့ ချဲလ်ဆီးအသင်းက စာချုပ် ကုန်ဆုံးချိန်တွင် အပြီးသတ်ဝယ်ယူခြင်းမရှိဘဲ လျော်ကြေးပေး၍ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ ရိုးမားအသင်းသည် ယခုအပြောင်းအရွှေ့တွင် အဓိကကစားသမားခေါ်ယူမှုအဖြစ် ဖလာမင်ဂိုအသင်းမှ ခံစစ် ကစားသမား ဝက်စ်လေ နဲ့ လန်းစ်အသင်းမှ ကွင်းလယ်ကစားသမား အယ်အိတ်နူအီ တို့ကိုလည်း ခေါ်ယူထားနိုင် ခဲ့ပါတယ်။(NVS 008)

17 Aug

ADVERTISE HERE .