ဂျာစီရောင်းချရမှု အများဆုံးအဖြစ် မက်ဆီ နဲ့ လီဘရွန်ဂျိမ်း တို့ရဲ့စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ ဆွန်ဟောင်မင်
17 Aug
အမေရိကန် အားကစားလောကတွင် ဂျာစီရောင်းချရမှုအများဆုံး ကစားသမားအဖြစ် အင်တာမီယာမီအသင်းမှ မက်ဆီနှင့် ဘတ်စကက်ဘောကစားသမား လီဘရွန်ဂျိမ်း တို့စံချိန်ကို လော့အိန်ဂျလိစ်အက်ဖ်စီအသင်းမှ ဆွန်ဟောင်မင် က ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင် ဟာ စပါးအသင်းတွင် ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ပြီးနောက် လက်ရှိနွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် စပါးအသင်းမှ လော့အိန်ဂျလိစ်အက်ဖ်စီအသင်းထံသို့ မေဂျာလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတွင် အစောပိုင်းနှစ်များက ဘတ်စကက်ဘောအားကစားနည်းကိုသာ အများစုက စိတ်ဝင်စားခဲ့ ကြသော်လည်း မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းသို့ မက်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ဘောလုံးအားကစားနည်းမှာ လူစိတ်ဝင်စားမှု ပိုမိုရရှိလာခဲ့မှုနှင့်အတူ မက်ဆီ ရဲ့ ဂျာစီအင်္ကျီရောင်းချရမှုကလည်း စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ယခုအခါ လော့အိန်ဂျလိစ်အက်ဖ်စီအသင်းသို့ ဆွန်ဟောင်မင် ပြောင်းရွှေ့လာခဲ့ပြီးနောက် ၎င်းရဲ့ လော့အိန် ဂျလိစ်အက်ဖ်စီအသင်း ဂျာစီမှာ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းချရမှုများ စံချိန်တင်မြင့်တက်ခဲ့ကာ အမေရိကန် အားကစားလောကတွင် ဂျာစီရောင်းချရမှု အများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။(NVS 008)