စပါးအသင်းက ရိုဒရီဂို ကို ယူရို ၆၅ သန်းဖြင့် ကမ်းလှမ်း

17 Aug

စပါးအသင်းက ရီးရဲလ်အသင်း တိုက်စစ်ကစားသမား ရိုဒရီဂို ကို ယူရို ၆၅ သန်းဖြင့် ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းကို ၂၀၁၉ ခုနှစ်က ရောက်ရှိခဲ့တဲ့ ရိုဒရီဂို ဟာ အသင်းတွင် ခြေစွမ်းပြနိုင်သည့် ကစားသမားတစ်ဦး ဖြစ်သော်လည်း နည်းပြသစ် အလွန်ဆို က သဘောမကျတာကြောင့် ပွဲကစားခွင့်ရနိုင်ခြေ နည်းပါးနေခဲ့ပါတယ်။ ရိုဒရီဂို အနေနဲ့ ရီးရဲလ်အသင်းတွင် ဆက်နေပြီး နေရာလုတိုက်ပွဲ ဆင်နွှဲချင်နေပေမယ့် နည်းပြ အလွန်ဆို က ထိပ်တန်းအဆင့် နောက်ခံလူတစ်ဦးကို အားဖြည့်ချင်နေတာကြောင့် ရိုဒရီဂို ကို ရောင်းထုတ်ပြီး အပြောင်းအရွှေ့ အသုံးစရိတ်ရှာဖွေရန် လိုလားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ စပါးအသင်းက ဝါရင့်တိုက်စစ်ကစားသမား ဆွန်ဟောင်မင် အသင်းပြောင်းရွှေ့ခဲ့လို့ ရိုဒရီဂို ကို ခေါ်ယူအစား ထိုးရန် ရည်ရွယ်နေခြင်းဖြစ်ပြီး ရိုဒရီဂို နဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းခွင့်ပြုရန် ရီးရဲလ်အသင်းကို တောင်းဆိုထားကြောင်း သိရပါတယ်။ (NVS 008)

17 Aug

ADVERTISE HERE .