အက်စတွန်ဗီလာအသင်းက အဆန်စီယို ကို အငှားစာချုပ်ဖြင့် ထပ်မံခေါ်ယူရန်စီစဉ်

17 Aug

အက်စတွန်ဗီလာအသင်းက ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား အဆန်စီယို ကို အငှားစာချုပ်ဖြင့် ထပ်မံ ခေါ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။ အက်စတွန်ဗီလာအသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အဆန်စီယို ကို အငှားဖြင့်ခေါ်ယူခဲ့ပြီး အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းကြောင့် ထပ်မံခေါ်ယူရန် လိုလားနေခြင်းဖြစ်ပါတယ်။ အဆန်စီယို အနေနဲ့ အက်စတွန် ဗီလာအသင်းတွင် ၂၁ ပွဲကစားပြီး ရှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆန်စီယို အနေနဲ့ တူရကီကလပ် ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးခဲ့သော်လည်း ဖီနာဘာချီအသင်း က ငွေကြေးအကြောင်းပြချက်ဖြင့် ဆွေးနွေးမှုကို ရပ်တန့်လိုက်ပြီဖြစ်လို့ အက်စတွန်ဗီလာအသင်းသို့ ရောက်ရှိနိုင်ခြေ ရှိနေကြောင်း သိရပါတယ်။(NVS 008)

17 Aug

ADVERTISE HERE .