အယ်လ်နာဆာအသင်းထံသို့ ပြောင်းရွှေ့ခဲ့တဲ့ အင်နီဂိုမာတီနက်ဇ်
17 Aug
ဘာစီလိုနာအသင်း နောက်ခံကစားသမား အင်နီဂိုမာတီနက်ဇ် ဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရပါတယ်။ အင်နီဂိုမာတီနက်ဇ် အနေနဲ့ ၂၀၂၃ နွေရာသီတွင် ဘီလ်ဘာအိုအသင်းမှ ဘာစီလိုနာအသင်းထံ အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၆ တွင် ကုန်ဆုံးမှာဖြစ်ပါတယ်။ သို့သော် အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အင်နီဂို ကို ဘာစီလိုနာအသင်းက စာချုပ်ဖျက်သိမ်းပေးရန် သဘောတူခဲ့ပြီး အယ်လ်နာဆာအသင်းက အင်နီဂို ကို ကနဦးတစ်နှစ်စာချုပ် ချုပ်ဆိုကာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်မည့် သဘောတူညီမှုဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ကစားသမားသစ်များကို စာရင်းသွင်းနိုင်ရန်အတွက် အသင်းရှိ ကစားသမားတချို့ကို ရောင်းထုတ်ရန်လိုအပ်နေခဲ့လို့ ယခုလို စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ အင်နီဂို အနေနဲ့ ဘာစီလိုနာအသင်းတွင် ပွဲပေါင်း ၇၀ ကျော်သာ ကစားခဲ့ရသော်လည်း ဆိုစီဒက် နဲ့ ဘီလ်ဘာအို အသင်းတို့တွင် အတွေ့အကြုံကြွယ်ဝခဲ့သည့် ကစားသမားတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ (NVS 008)