တိုက်စစ်မှူး မက်ထရိုဗစ်ချ် ကို စာချုပ်ဖျက်သိမ်းရန်စီစဉ်နေတဲ့ အယ်ဟိုင်လာအသင်း
16 Aug
ဆော်ဒီထိပ်တန်းကလပ် အယ်ဟိုင်လာအသင်းက တိုက်စစ်ကစားသမား မက်ထရိုဗစ်ချ် ကို စာချုပ်ဖျက်သိမ်း လမ်းခွဲရန် စီစဉ်နေကြောင်းသိရပါတယ်။ မက်ထရိုဗစ်ချ် က ဖူလ်ဟမ်အသင်းကနေ အယ်ဟိုင်လာအသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ပထမဆုံးဘောလုံး ရာသီမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ကာ အယ်ဟိုင်လာအသင်းကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ မက်ထရိုဗစ်ချ် အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာများနှင့်သာ ရုန်းကန်ခဲ့ရပြီးနောက် အယ်ဟိုင်လာအသင်းက မြင့်မားတဲ့လုပ်ခလစာ ပေးချေနေရတဲ့အတွက် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲရန်ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သိရပါတယ်။ အယ်ဟိုင်လာအသင်းအနေနဲ့ မက်ထရိုဗစ်ချ် ကို ခေါ်ယူစဉ်က ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်များအရ စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၅ သန်းရမည်ဖြစ်ပြီး လက်ရှိမှာ ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။(NVS 008)