ရိုဒရီဂို အတွက် ကမ်းလှမ်းမှုများကို လက်ခံဆွေးနွေးမယ်လို့ အတည်ပြုခဲ့တဲ့ ရီးရဲလ်အသင်း
16 Aug
ရီးရဲလ်အသင်းက လူငယ်တိုက်စစ်ကစားသမား ရိုဒရီဂို အတွက် ကမ်းလှမ်းမှုများကို လက်ခံဆွေးနွေးသွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ ရိုဒရီဂို ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဆန်းတို့စ်အသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ကစား ခဲ့ပြီးနောက် အစောပိုင်းနှစ်များက ကစားခွင့်မရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ရာသီအတွင်း နည်းပြဟောင်း အန်ဆယ်လော့တီ လက်အောက်မှာ ပွဲကစားခွင့်များ ရရှိခဲ့ပါတယ်။ သို့သော် ရိုဒရီဂို နှင့် ရီးရဲလ်အသင်းတို့အကြား သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရာ ရိုဒရီဂို က လုပ်ခလစာ တိုးမြှင့်တောင်းဆိုခဲ့ပြီးနောက် ရီးရဲလ်အသင်းက ဆွေးနွေးမှုများကို ရပ်ဆိုင်းခဲ့ပြီး ရောင်းချရန်အတွက်သာ ဆုံးဖြတ်ခဲ့ပါတယ်။ ရိုဒရီဂို ကိုယ်တိုင်က အသင်းမှထွက်ခွာလိုနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပြောင်းရွှေ့ကစားလိုတာကြောင့် မန်စီးတီးအသင်းက ခေါ်ယူနိုင်ရန်အတွက် ကစားသမားဖြစ်သူနှင့် တိုက်ရိုက်ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။(NVS 008)