ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်လခန့် အနားယူရဖွယ်ရှိတဲ့ ကာမာဗင်ဂါ

16 Aug

ရီးရဲလ်အသင်း ကွင်းလယ်ကစားသမား ကာမာဗင်ဂါ ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်လခန့် အနားယူရ ဖွယ် ရှိနေပါတယ်။ ကွင်းလယ်ကစားသမား ကာမာဗင်ဂါ ဟာ ရီးရဲလ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ ကာမာဗင်ဂါ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ရီးရဲလ်အသင်းအတွက်လည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိ ကာမာဗင်ဂါ က ရီးရဲလ်အသင်းနှင့်အတူ ပြိုင်ပွဲစုံပွဲပေါင်း ၁၈ဝ ကစားပြီး လေးဂိုးသွင်းယူထားပါတယ်။(NVS 008)

16 Aug

ADVERTISE HERE .