စီးရီးအေကလပ်အသင်းများက ဟွိုင်လန်း ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေ

16 Aug

စီးရီးအေကလပ်အသင်းများဖြစ်တဲ့ နာပိုလီ၊ အေစီမီလန်၊ အင်တာမီလန်၊ ဂျူဗင်တပ် နဲ့ ရိုးမား စတဲ့ အသင်းများက မန်ယူအသင်းတိုက်စစ်မှူး ဟွိုင်လန်း ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ တိုက်စစ်မှူး ဟွိုင်လန်း က မန်ယူအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၉၆ ပွဲကစားပြီး ၂၆ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် စီးရီးအေကလပ်အသင်းများစွာက ခေါ်ယူရန်စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။ တိုက်စစ်မှူး ဟွိုင်လန်း ကလည်း လက်ရှိအချိန်မှာ မန်ယူအသင်း တာဝန်ရှိသူများနှင့် အဆင်မပြေဖြစ်နေခြင်းကြောင့် အသင်းမှ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။(NVS 008)

16 Aug

ADVERTISE HERE .