လီဝမ်ဒေါစကီး ရဲ့ ဒဏ်ရာအခြေအနေကြောင့် အယ်ဗာရက်ဇ် ကိုခေါ်ယူရန် ကြိုးပမ်းလျက်ရှိတဲ့ ဘာစီလိုနာအသင်း
16 Aug
ဘာစီလိုနာအသင်းက အသင်းတိုက်စစ်ပိုင်းတွင် တိုက်စစ်မှူး လီဝမ်ဒေါစကီး ရဲ့ ဒဏ်ရာပြဿနာများကြောင့် ကာလအတန်ကြာ အနားယူရမှာဖြစ်လို့ အက်သလက်တီကိုအသင်းမှ လူငယ်တိုက်စစ်မှူး အယ်ဗာရက်ဇ် ကိုခေါ်ယူရန် ကြိုးပမ်းနေကြောင်းသိရပါတယ်။ ရာသီကြိုလေ့ကျင့်ရေးခရီးစဉ်မှာ လီဝမ်ဒေါစကီး ဒဏ်ရာရရှိခဲ့ပြီးနောက် လာမည့်ဘောလုံးရာသီအစပိုင်း ပွဲစဉ် များကို လွဲချော်ဖွယ်ရှိလို့ အယ်ဗာရက်ဇ် ကိုခေါ်ယူရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်ပါတယ်။ အယ်ဗာရက်ဇ် က ပြီးခဲ့တဲ့နှစ် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းကမှ အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ကစား ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့သူဖြစ်ပါတယ်။ အယ်ဗာရက်ဇ် နဲ့ အက်သလက်တီကိုအသင်းတို့ စာချုပ်သက်တမ်းမှာ ကျန်ရှိနေသေးသော်လည်း အယ်ဗာရက်ဇ် ကိုယ်တိုင်က ချန်ပီယံဆုဆွတ်ခူးနိုင်တဲ့အသင်းသို့ ပြောင်းရွှေ့ကစားလိုတာကြောင့် ဘာစီလိုနာအသင်းကလည်း ခေါ်ယူရန် ပစ်မှတ်ထားလာခဲ့ခြင်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်း က လီဝမ်ဒေါစကီး နဲ့ စာချုပ်သက်တမ်းမှာလည်း တစ်နှစ်သာကျန်ရှိတော့တဲ့အတွက် လာမည့်ဘောလုံးရာသီအကုန်မှာ လမ်းခွဲနိုင်တဲ့အခြေအနေများကြောင့် အသင်းတိုက်စစ်ပိုင်းအတွက် ရေရှည်အစားထိုး ရန် အယ်ဗာရက်ဇ် ကို ပစ်မှတ်ထားနေပြီး ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တီ ကိုယ်တိုင်က အယ်ဗာရက်ဇ် ကို ခေါ်ယူရန် ခွင့်ပြုပေးထားကြောင်း သိရပါတယ်။(NVS 008)