၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်မြေများအား ထုတ်ပြန်ကြေညာ

16 Aug

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲဆန္ဒနယ်များ၊ မဲဆန္ဒနယ်များတွင် ပါဝင်သည့်နယ်မြေများနှင့် ရွေးကောက်တင်မြှောက်ရမည့် လွှတ်တော် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ထားရှိမှုများကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကြေညာချက်အမှတ် (၅၀ /၂ဝ၂၅) ဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ၊ ကြေညာချက်အမှတ် (၅၁ /၂၀၂၅)ဖြင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ၊ ကြေညာချက်အမှတ်(၅၂/၂၀၂၅)ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ၊ ကြေညာချက်အမှတ်(၅၃/၂၀၂၅)ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များကို ၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ရက်စွဲဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။ သတ်မှတ်ထုတ်ပြန်ချက်များအရ ယခုနှစ်အတွင်းကျင်းပမည့် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များမှာ မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)ဖြင့်ကျင်းပမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ပေါင်း ၃၃၀၊ ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်(MMP)ဖြင့် ကျင်းပမည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် မဲအများဆုံးရသူ အနိုင်ယူ စနစ်( FPTP ) မဲဆန္ဒနယ်ပေါင်း ၈၄ ခု၊ အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်ပေါင်း ၂၆ ခု၊ စုစုပေါင်းမဲဆန္ဒနယ် ၁၁၀၊ ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်(MMP)ဖြင့် ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ် ( FPTP ) မဲဆန္ဒနယ် ၃၂၂ နယ်နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၃၆၄ ခု၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်ပေါင်း ၂၉ ခု ဖြစ်ပါတယ်။ အဆိုပါမဲဆန္ဒနယ်မြေ သတ်မှတ်ထုတ်ပြန်ချက်များနှင့် လွှတ်တော်အလိုက် မဲဆန္ဒနယ်တွင်ပါဝင်သည့် နယ်မြေများ စာရင်းအသေးစိတ်ကို နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးသွားမှာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။(NVS 004)

16 Aug

ADVERTISE HERE .