မြောက်ကိုရီးယားနှင့် ယုံကြည်မှုပြန်တည်ဆောက်ရေး အဆက်မပြတ်လုပ်ဆောင်မည်ဟု လီဂျေမြောင် ပြော

16 Aug

တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးနှင့် နှစ်နိုင်ငံကြားတင်းမာမှုများ လျော့ကျစေရေးအတွက် ဆောင်ရွက်သင့်သည်များကို အဆက်မပြတ် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေမြောင် က ဩဂုတ်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာကြာ ရန်လိုနေမှုသည် မည်သူ့အတွက်မျှ အကျိုးမရှိစေကြောင်း၊ ယခုအချိန် သည် စစ်အေးကာလ ထိပ်တိုက်ရင်ဆိုင်မှုပုံစံမှ ရုန်းထွက်ကာ ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်းရေးကို တည်ဆောက် ရမည့်အချိန်ဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးအနေဖြင့် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးကို ချက်ချင်းဆောင်ရွက်ကာ လုပ်ဆောင်ချက်ပါဝင်သော ဆွေးနွေးမှုများကို ပြန်အသက်သွင်းရမည်ဖြစ်ကြောင်း လီဂျေမြောင် ကပြောထားသည်။ ထို့ပြင် နှစ်နိုင်ငံကြားရှိ သဘောတူညီချက်များကိုလည်း လေးစားမည်ဖြစ်ကြောင်း လီဂျေမြောင် က ဂျပန်လက်အောက်မှ ကိုရီးယားကျွန်းဆွယ်လွတ်မြောက်မှု နှစ်(၈၀)ပြည့် အခမ်းအနား၌ပြောကြားခဲ့သည်။

16 Aug

ADVERTISE HERE .