“တောင်သမန်ဦးပိန်တံတားတွင် ယခင်နှစ်ထက် ငှက်လှေစီးသူများပြား”
15 Aug
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောင်သမန်ဦးပိန်တံတားတွင် ၂၀၂၅ ခုနှစ် ဩဂုတ်လဆန်းပိုင်းမှ စတင်၍ ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်းနှင့်အတူ အင်းရေမြင့်တက်လာပြီး ငှက်လှေစီးသူနှင့် အပန်းဖြေလာရောက်သူ ယခင်နှစ်ထက်များပြားလာကြောင်း တောင်သမန်ငှက်လှေအသင်းမှ သိရပါတယ်။ သြဂုတ်လဆန်းပိုင်းမှစတင်၍ အင်းရေမြင့်တက်မှုသည် တံတားကြမ်းပြင်မှ ၁၀ ပေခန့်အကွာသို့ မြစ်ရေများ ရောက်ရှိနေပြီး အင်းစပ်ရှိ အပန်းဖြေခုံတန်းလျားများအနီးသို့လည်းကောင်း၊ မယ်ဇယ်တန်းတစ်လျှောက် ဖောက်လုပ် ထားတဲ့ လမ်းနယ်အချို့ထိလည်းကောင်း ရေများရောက်ရှိနေပြီဖြစ်ပါတယ်။ တောင်သမန်အင်းတွင် ယခင်က ငှက်လှေအစင်း ၄၀ ကျော်မှရှိရာမှ လက်ရှိတွင် ၃၀ ကျော်သာ ကျန်ရှိပြီး ငှက်လှေစီးခများမှာ ပြည်တွင်းခရီးသွားများအတွက် ငှက်လှေတစ်စင်းလျှင် ငွေကျပ် ၂၀,၀၀၀၊ ပြည်ပခရီးသွားများအတွက် ငွေကျပ် ၂၅,၀၀၀ ဖြစ်ကာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များနှင့် နေ့ထူးနေ့မြတ်များတွင် ကြားရက်များထက် ပိုမိုစည်ကား၍ စားသောက်ဆိုင်များတွင်လည်း ရောင်းအားကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ဦးပိန်တံတားအရှေ့ဘက်တွင် ပထမဇရပ်နှင့် ဒုတိယဇရပ်အကြား၊ အနောက်ဘက်၌ ဒုတိယဇရပ်အနီးတွင် ဖြတ်သန်းသွားလာခွင့်တားမြစ်ထားရာ အန္တရာယ်မဖြစ်စေရန်အတွက် ရှောင်ရှားကြရန်လိုကြောင်း အသိပေးထားပါတယ်။