“အရည်အသွေးမြင့်ဝါမျိုးစေ့တင်သွင်းရန်နှင့် တန်ဖိုးမြှင့်ထောပတ်သီးထုတ်လုပ်မှုကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနှင့် ဥဇဘတ်ကစ္စတန်နိုင်ငံတို့က ကမ်းလှမ်း”

15 Aug

မြန်မာနိုင်ငံသို့ အရည်အသွေးမြင့် ဝါမျိုးစေ့တင်သွင်းရန်နှင့် တန်ဖိုးမြှင့် ထောပတ်သီးထုတ်လုပ်မှုကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်ရန် အိန္ဒိယနှင့်ဥဇဘတ်ကစ္စတန်နိုင်ငံတို့က ကမ်းလှမ်းလာကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ အိန္ဒိယနိုင်ငံ Gujarat ပြည်နယ် Rajkot မြို့အခြေစိုက် OOD Farm ကိုယ်စား International Federation of Business Intellectuals and Changemakers (IFBIC) မှ မြန်မာနိုင်ငံကို အရည်အသွေးမြင့်ဝါမျိုးစေ့တင်သွင်းရန်နှင့် တန်ဖိုးမြှင့် ထောပတ်သီးထုတ်လုပ်မှုကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းလာခြင်းဖြစ်ပါတယ်။ ဥဇဘတ်ကစ္စတန်နိုင်ငံကလည်း အရည်အသွေးမြင့် ဝါမျိုးကောင်းမျိုးသန့်များကို မြန်မာနိုင်ငံအတွက် တင်သွင်း လိုကြောင်းနဲ့ ဥစဘတ်ကစ္စတန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက ဝါမျိုးကောင်းမျိုးသန့်များ တင်ပို့နိုင်ရေး ပံ့ပိုးကူညီဖို့ အသင့်ရှိကြောင်း သိရပါတယ်။ ဝါလုပ်ငန်းရှင်များအဖွဲ့များသည် လက်ရှိတွင် အရည်အသွေးမြင့် ဝါဂွမ်းဈေးနှုန်းနှင့် အရည်အသွေးနိမ့် (ဂျွန်)ဝါဂွမ်း ဈေးနှုန်း ကွာဟချက်များလာသောကြောင့် ဝါစိုက်တောင်သူများအနေဖြင့် ဝါမျိုးကောင်းမျိုးသန့်များကို အသုံးပြုပြီး အရည်အသွေးကောင်းဝါများ အထွက်တိုးစေရန် စိုက်ပျိုးသင့်ကြောင်း အကြုံပြုထားပါတယ်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီတဲ့ ပြည်ပဝါမျိုးကောင်းမျိုးသန့်များကို ဈေးနှုန်းသက်သာစွာရရှိရေးအတွက် မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းနှင့် ပြည်ပနိုင်ငံတချို့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသလို အရည် အသွေးကောင်းဝါများ အထွက်နှုန်းကောင်းစေရေးနှင့် ဈေးကောင်းရရှိရေးအတွက်လည်း မြန်မာနိုင်ငံဝါနှင့်ဝါထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေကြောင်း သိရပါတယ်။ (NVS-004)

15 Aug

ADVERTISE HERE .