“ရတနာ့ဂူမြတ်စွာဘုရားနှင့် ရတနာ့ဂူနတ်ပွဲ ကျင်းပမည်”

15 Aug

နှစ်စဉ် ရိုးရာမပျက်ကျင်းပလေ့ရှိသည့် အမရပူရမြို့နယ်၊ ရတနာ့ဂူမြတ်စွာဘုရားပွဲတော်နှင့် ရတနာ့ဂူနတ်ပွဲကို ဩဂုတ်လ ၁၅ ရက်မှ ၂၂ ရက်(ဝါခေါင်လပြည့်ကျော် ၇ ရက်မှ လကွယ်နေ့)အထိ ကျင်းပလျက်ရှိပါတယ်။ ယခုနှစ်ကျင်းပမည့် ရတနာ့ဂူမြတ်စွာဘုရားပွဲတော်နှင့် ရတနာ့ဂူနတ်ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအဖြစ် ဇာတ်ရုံ၌ စတူဒီယိုအဆိုတော်များ၏ ဖျော်ဖြေမှုနှင့်အတူ အောင်စည်တော် ဇာတ်သဘင်အဖွဲ့မှ ပွဲတော်ရက်အတွင်း ကပြဖျော်ဖြေ သွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့ကြည့်ရှုလာရောက်ကြည့်ရှုနိုင်ပါတယ်။ အဆိုပါနတ်ပွဲကို ရိုးရာအစဉ်အလာအတိုင်း ကျင်းပသွားမှာဖြစ်ပြီး ဗောင်းတော်ဆောင်းအမတ်ကြီးနှစ်ဦးနှင့် သိုးတော်ဆောင်း မိဖုရားတစ်ဦး ခန့်အပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးငလျင်ကြီးကြောင့် ရတနာဂူဘုရားတွင် ပျက်စီးခဲ့မှုများအတွက် ပြုပြင်ရန် လှူဒါန်းသူများအား ဂုဏ်ပြုလွှာများပေးအပ်ခြင်း အခမ်းအနားကိုလည်း ထည့်သွင်း ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်နောက်ဆုံးရက်ဖြစ်သည့် ဝါခေါင်လကွယ်နေ့ နံနက်ပိုင်းမှာ ပင့်သံဃာအပါး ၂ဝဝ ကျော်ကို ဆွမ်းလောင်းလှူ သွားမှာဖြစ်သလို နတ်နှင့်နွယ်သူများက မယ်တော် မယ်ဝဏ္ဏ အား ချော့ပွဲ၊ တက်ပွဲများ ပြုလုပ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

15 Aug

ADVERTISE HERE .