“ပြီးခဲ့တဲ့ရာသီက ရည်မှန်းချက်အတိုင်း ဆုဖလားအားလုံးရနိုင်ယူဖို့ ကြိုးစားသွားမယ်လို့ဆိုတဲ့ ဒမ်ဘီလီ”

15 Aug

PSG အသင်းရဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီ က ပြီးခဲ့တဲ့ရာသီက ရည်မှန်းချက်အတိုင်း ယခုရာသီမှာလည်း ဆုဖလားအားလုံး ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ PSG အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ် အပါအဝင် ဖလားသုံးလုံးအောင်ပွဲရရှိခဲ့ပါတယ်။ ဒမ်ဘီလီက PSG အသင်းအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲကစားပြီး ၃၅ ဂိုး သွင်းယူကာ အဓိကအကျဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့တာကြောင့် ၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆု ရရှိဖို့လည်း ရေပန်းစားနေပါတယ်။ ဒမ်ဘီလီ က ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ဘက်အသင်းတွေရဲ့ ခြေစွမ်းက အရင်ကထက် အဆင့်အတန်းပိုမြင့်လာခဲ့ပြီး သူတို့က ပိုကောင်းအောင် ကစားနိုင်ခဲ့တာကြောင့်သာ အောင်ပွဲတွေ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။(NVS 008)

15 Aug

ADVERTISE HERE .