“ပဲလေ့စ်နောက်ခံလူ ဂူဟီ ကို ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့တဲ့ လီဗာပူးလ်အသင်း”
15 Aug
လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ခံကစားသမား ဂူဟီ ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ဂူဟီ နဲ့ ပဲလေ့စ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးလိုခြင်း မရှိတာကြောင့် ပဲလေ့စ်အသင်းကလည်း အခုနွေရာသီမှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ အသင်းရဲ့ ခံစစ်ပိုင်းကို ဖြည့်တင်းချင်နေတဲ့ လီဗာပူးလ်နည်းပြ အာနယ်ဆလော့ က ဂူဟီ ကို ခေါ်ယူဖို့ အစောပိုင်းကတည်းက ချိန်ရွယ်နေခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက ပဲလေ့စ်နဲ့ ပြောင်းရွှေ့ကြေး ဆက်လက်ညှိနှိုင်း နေပြီး ပေါင် ၃၅ သန်း ဝန်းကျင် ပေးချေရဖွယ်ရှိနေပါတယ်။ (NVS 008)
15 Aug