“ဆယ်စုနှစ်အတွင်းမှာ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ရိုမဲရိုး”
15 Aug
စပါးအသင်းက အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုး ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ စပါးအသင်းက အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ထွက်ခွာသွားတာကြောင့် ရိုမဲရိုး ကို ပြောင်းလဲ တာဝန်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ရိုမဲရိုး ဟာ မတ်ဒီဆန်နဲ့အတူ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး နည်းပြသစ် သောမတ်စ်ဖရန့်ခ် က ရိုမဲရိုး ကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ရိုမဲရိုး ဟာ နောက်ဆုံးဆယ်စုနှစ်အတွင်းမှာ စပါးအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခွင့်ရတဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)
15 Aug