“PSG အသင်းကို မကိုင်တွယ်ခင်က စပါးအသင်းနဲ့ ဆွေးနွေးခဲ့ဖူးကြောင်းပြောကြားခဲ့တဲ့ အန်နရစ်”
15 Aug
PSG အသင်းနည်းပြ အန်နရစ် က လက်ရှိအသင်းကို မကိုင်တွယ်ခင်မှာ စပါးအသင်းနဲ့ ဆွေးနွေးခဲ့ဖူးတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ရိုးမား၊ ဆယ်လ်တာဗီဂို၊ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ အန်နရစ်ဟာ ၂၀၂၂ ခုနှစ်မှာ စပိန်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် PSG အသင်းကို မကိုင်တွယ်စဉ် ကမ်းလှမ်းခဲ့တဲ့ အသင်း တွေထဲမှာ စပါးအသင်း ပါဝင်ခဲ့ပါတယ်။ စပိန်နည်းပြ အန်နရစ် ဟာ PSG အသင်းကို ၂၀၂၃ ဇူလိုင်လမှာ စတင်ကိုင်တွယ် ခဲ့ပြီး အမှတ်ပေးချန်ပီယံဆုကို နှစ်ရာသီဆက်တိုက်ရယူပေးခဲ့သလို၊ ပြီးခဲ့တဲ့ရာသီမှာတော့ ချန်ပီယံလိဂ်ဖလားကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရယူပေးခဲ့ပါတယ်။
15 Aug