“ဟတ်ချင်ဆန် နဲ့ မက်အတီး တို့ကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တဲ့ နော်တင်ဟမ်အသင်း”

15 Aug

နော်တင်ဟမ်အသင်းဟာ အစ်ဝစ်ချ်အသင်း တောင်ပံကစားသမား ဟတ်ချင်ဆန်နဲ့ မန်စီးတီးအသင်းကွင်းလယ် ကစားသမား မက်အတီး တို့ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ နော်တင်ဟမ်အသင်းဟာ ဟတ်ချင်ဆန်အတွက် ပြောင်းရွှေ့ကြေးပေါင် ၃၇ ဒသမ ၅ သန်း ပေးချေရမှာဖြစ်ပြီး မက်အတီးအတွက် ပေါင်သန်း ၃၀ ပေးချေရမှာ ဖြစ်ပါတယ်။မက်အတီး ကတော့ မန်စီးတီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားခွင့်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းက မက်အတီး ကို နော်တင်ဟမ်ဖောရက်စ်အသင်းဆီ ရောင်းထုတ်ခဲ့ပေမဲ့ ဆန္ဒရှိရင် ပြန်လည်ခေါ်ယူနိုင်မယ့် သဘောတူညီချက် ထည့်သွင်းချုပ်ဆိုထားပါတယ်။ (NVS 008)

15 Aug

ADVERTISE HERE .