“ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းပြီးဖြစ်”

15 Aug

တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ထိပါ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ‌ရွေးကောက် ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဩဂုတ်လ ၁၃ ရက်က ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေး ဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးအတွက် အထူးအလေးထား လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်း ကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကိုလည်း ဇူလိုင်လ ၂၉ ရက်က ပြဌာန်းထားပြီးဖြစ်ပါတယ်။ (NVS 004)

15 Aug

ADVERTISE HERE .