“ရန်ကုန်မြို့နှင့် ချန်ဒူးမြို့ကြား ချစ်ကြည်ရေးညီအစ်မမြို့တည်ထောင်မည်”

15 Aug

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့တို့ကြား ချစ်ကြည်ရေးညီအစ်မမြို့တော် တည်ထောင်ရေး အတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းနှင့် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့၊ နိုင်ငံခြားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Jiang Bin တို့ သြဂုတ်လ ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံစဉ် ရန်ကုန်မြို့နှင့်ချန်ဒူးမြို့ကြား ချစ်ကြည်ရေးညီအစ်မမြို့ တည်ထောင်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး၊ ချစ်ကြည်ရေးညီအစ်မမြို့တည်ထောင်ပြီးနောက် ပညာရေးနှင့်ယဉ်ကျေးမှုကဏ္ဍများမှာ ပိုမို တိုးမြှင့်ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒ့ါအပြင်မြန်မာနိုင်ငံနှင့်ချန်ဒူးမြို့ကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်ရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားကဏ္ဍမြှင့်တင်ရေး၊ မြန်မာနိုင်ငံမှအစိုးရဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများကို ချန်ဒူးမြို့ရှိ တက္ကသိုလ်များမှာ ပညာသင်ကြားနိုင်ရေးအတွက် ပညာသင်ဆုများ ပံ့ပိုးပေး ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ (NVS 004)

15 Aug

ADVERTISE HERE .