"မော်လမြိုင်မြို့ အဆင့်မြင့်ငါးဈေးသစ်တွင် အအေးခန်းစက်ရုံ ထည့်သွင်းတည်ဆောက်မည်"

14 Aug

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်မီးသွေးရုံလမ်းနှင့် ကမ်းနားလမ်းကြားမှာရှိတဲ့ စည်ပင်သာယာရေးအဖွဲ့ပိုင် ရတနာထွန်းငါးဈေးက မြို့၏အဓိကလမ်းမကြီးဖြစ်တဲ့ ကမ်းနားလမ်းအဆုံးမှာ တည်ရှိနေပြီး အနံ့အသက်များထွက်ခြင်း၊ ရေသုံးစွဲမှုများကြောင့် ကတ္တရာလမ်း ပျက်စီးမှုများဖြစ်ပေါ်လာခြင်း၊ ငါးကား အဝင်/အထွက်နှင့် ငါးပုံးများကြောင့် ယာဉ် သွားလာမှု၊ ယာဉ်ရပ်နားမှု အခက်အခဲများရှိလာတဲ့အတွက် မုပွန်တိုးချဲ့အိမ်ရာမှာ အဆင့်မြင့်ငါးဈေးသစ်ကို ပြီးခဲ့တဲ့ ဇွန်လမှာ ပြောင်းရွှေဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြောင်းရွှေ့ဖွင့်လှစ်ပြီးနောက် အဆင့်မြင့်ငါးဈေးသစ်ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဩဂုတ်လ ၁၃ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဈေးသူဈေးသားများ၏ တင်ပြချက်များနဲ့ လိုအပ်ချက်များ ကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ မော်လမြိုင်ငါးဈေးသစ်ကြီးအတွင်း ငါးရောင်းချရာမှာ မရှိမဖြစ်လိုအပ်တဲ့ ရေခဲစက်နှင့်ငါးများ သိုလှောင်ထားရှိရန် အအေးခန်းစက်ရုံ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ (NVS 004)

14 Aug

ADVERTISE HERE .