“ပြည်ပသို့ ငါးမက်ထရစ်တန် ရှစ်သောင်းကျော် လေးလတာကာလအတွင်း တင်ပို့နိုင်ခဲ့”

13 Aug

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများတင်ပို့လျက်ရှိရာ ငါးမက်ထရစ်တန် ရှစ်သောင်းကျော်ကို ယခုဘဏ္ဍာနှစ် လေးလတာကာလအတွင်း တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ လေးလတာကာလအတွင်း ငါးမက်ထရစ်တန်ချိန် ၈၁,၀၆၄ ဒသမ ၇၂၁ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၀၇၅ သန်း ရရှိခဲ့ပါတယ်။ ပြည်ပသို့ငါးတင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုအနေဖြင့် ငါးမက်ထရစ်တန်ချိန် ၄၅,၉၃၉ ဒသမ ၅ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၀၆၇ သန်း ရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ငါးမက်ထရစ်တန်ချိန် ၃၅,၁၂၅ ဒသမ ၂၂၁ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၀၀၈ သန်းရရှိခဲ့သည့်အတွက် ပြည်ပသို့ စုစုပေါင်းငါးမက်ထရစ်တန်ချိန် ၈၁,၀၆၄ ဒသမ ၇၂၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၀၇၅ သန်းရရှိခဲ့ကြောင်း သိရပါတယ်။ (NVS-004)

13 Aug

ADVERTISE HERE .