“တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ စာရင်းပေးသွင်းရန် မြို့တွင်းယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်း ကော်မတီမှဖိတ်ခေါ်”

13 Aug

မန္တလေးတိုင်းဒေသကြီး၊ မြို့တွင်းယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ စီမံမှုအောက်ရှိ မန္တလေး မြို့နယ် ခုနစ် မြို့နယ်၌ မြို့တွင်းပြေးဆွဲလျက်ရှိတဲ့ မော်တော်ယာဉ်အသင်းများနှင့် သုံးဘီး Taxi ယာဉ်များမှ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ သား/သမီးများအား ၂ဝ၂၅ ခုနှစ် ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုများ ချီးမြှင့်သွားမှာဖြစ်လို့ သြဂုတ်လ ၂၂ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း ဖိတ်ခေါ်ထားပါတယ်။ စာရင်းပေးသွင်းရာတွင် မြို့တွင်းယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှာ မှတ်ပုံတင်ပြေးဆွဲနေတဲ့ မော်တော်ယာဉ်များ၊ သုံးဘီး Taxi ဂိတ်များ၊ သုံးဘီးယာဉ်များရဲ့ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များ၏ သား/သမီးများထဲမှ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူများအနေနဲ့ ပညာရည်ချွန်ဆုချီးမြှင့်ရန်အတွက် စာရင်းပေးသွင်းနိုင်ပါတယ်။ လျှောက်လွှာများကို မြို့တွင်းယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီရုံးသို့ အခမဲ့ လာရောက်ထုတ်ယူကြရန်နှင့် မြို့တွင်းယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီတွင် မှတ်ပုံတင်ထားသည့် စာရွက်စာတမ်း အထောက် အထားများ ပါရှိရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

13 Aug

ADVERTISE HERE .