“အစ္စရေးတပ်ဖွဲ့က ဂါဇာစီးတီးကိုသိမ်းပိုက်ယူမည့် အစီအစဉ်နှင့်ပတ်သက်ပြီး တဲလ်အဗစ်မြို့နေပြည်သူများ ဆန္ဒထုတ်ဖော်”

11 Aug

အစ္စရေးတပ်ဖွဲ့က ဂါဇာကမ်းမြောင်ဒေသ၌ စစ်ဆင်ရေးများတိုးချဲ့လုပ်ဆောင်ကာ ဂါဇာစီးတီးကို သိမ်းပိုက် ယူမည့်အစီအစဉ်နှင့်ပတ်သက်ပြီး တဲလ်အဗစ်မြို့နေပြည်သူများက ဩဂုတ်လ ၉ ရက်တွင် ဆန့်ကျင် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။ တိုက်ပွဲများ ပိုမိုပြင်းထန်လာပါက ဟားမတ်စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများ၏ အသက် အန္တရာယ် ပိုမိုစိုးရိမ်ရကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောကြားသည်။ ဆန္ဒထုတ်ဖော်သူ သောင်းနှင့်ချီ ပါဝင် ခဲ့ကြောင်းနှင့်အဆိုပါဆန္ဒထုတ်ဖော်သူများတွင် ဓားစာခံများ၏မိသားစုဝင်များပါဝင်ကြောင်း အစ္စရေးမီဒီယာများ က ဖော်ပြသည်။ အချို့က ဓားစာခံများ၏ဓာတ်ပုံများကို ကိုင်ဆောင်ကာ "အိမ်ပြန်လာပါ" ဟု ကြွေးကြော် ခဲ့ကြ သည်။ အစ္စရေးအစိုးရက ဂါဇာ၌ စစ်ဆင်ရေးတိုးချဲ့လုပ်ဆောင်ရန် ဩဂုတ်လ ၈ ရက်က အစိုးရအဖွဲ့ အစည်းအဝေး တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ရပ်တန့်လျက်ရှိသည်။ လူဦးရေတစ်သန်းနီးပါးနေထိုင်သည့် ဂါဇာ စီးတီးသည် ဒေသတွင်း၌ အကြီးဆုံးမြို့ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ ပြည်သူများက ဂါဇာစီးတီးကို သိမ်းယူရန် စစ်ဆင်ရေးတိုးချဲ့မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ကန့်ကွက်လျက်ရှိသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

11 Aug

ADVERTISE HERE .