“ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရစ်(ခ်ျ)တာစကေး ၈ အဆင့်ထိ ခံနိုင်ရည်ရှိအောင် ပြုပြင်လျက်ရှိ”

11 Aug

နေပြည်တော်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့သည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရစ်(ခ်ျ)တာ စကေး (၈) အဆင့်ရှိ ငလျင်ဒဏ်ခံနိုင်သည်အထိ အသေးစိတ်ပြုပြင်လျက်ရှိကြောင်း သိရပါတယ်။ ပြုပြင်မှုများကို မူလပုံစံမပျက်ဘဲ ဧပြီလ ၂၅ ရက်မှစတင်ကာ ပြုပြင်မှုများလုပ်ဆောင်နေပြီး အမြန်ဆုံးပြီးစီးနိုင်ရန် ဆောင်ရွက်လျက် ရှိပါတယ်။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ၂၀၀၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် အချင်း ၁ မီတာရှိ Bored Pile ပေါင်း ၄၄၀ ပေါ်တွင် စနစ်တကျတွက်ချက်၍ အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်းဖြစ်လို့ ငလျင်ဒဏ်ကြုံတွေ့ချိန်တွင် မူလစေတီတော်ကြီး၌ အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ထိခိုက်ပျက်စီးခဲ့မှုများကို နိုင်ငံတော်မှ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ထိခိုက် ပျက်စီးခဲ့ရသည့် စေတီတော်ကြီးရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင် မွမ်းမံခြင်းများဆောင်ရွက်ရာမှာ ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ကြကြောင်းလည်း သိရပါတယ်။ (NVS 004)

11 Aug

ADVERTISE HERE .