“ထိုင်းရောက်မြန်မာလုပ်သားများကို သက်သေခံလက်မှတ်များ ၄ နေရာတွင်ထုတ်ပေးလျက်ရှိ”
11 Aug
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား များကို သက်သေခံလက်မှတ် (Certifi-cate of Identity- CI) ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ဩဂုတ်လ ၆ ရက်က စတင်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံ၏အလုပ်သမားဥပဒေပါ ခံစားခွင့်များရရှိနိုင်ရန်၊ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းအပြည့်အဝရရှိစေ ရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင် ရေးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ကို ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ သက်သေခံလက်မှတ်များကို ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ဆူရာဌာနီ နှင့် ချင်းမိုင်တို့တွင် စခန်းလေးခုဖွင့်ပြီး ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။ (NVS 004)
11 Aug