တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များ တပ်ဖြန့်ချထားမှုအား တရားဝင်ဆိုင်းငံ့ထားခြင်းကို ရုရှားရပ်ဆိုင်း

05 Aug

ရုရှားနိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် တာလတ်ပစ်နှင့် တာတိုပစ်ဒုံးကျည်များ တပ်ဖြန့်ချထားမှု ကန့်သတ်ချက်များအပေါ် ၎င်းတို့အနေဖြင့် မဖြစ်မနေလိုက်နာဆောင်ရွက်ရန် မယူဆတော့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၄ ရက်၌ ပြောကြားခဲ့သည်။ Intermediate-Range Nuclear Forces (INF) သဘောတူညီချက်အရ အလားတူ လက်နက်စနစ်များအား တပ်ဖြန့်ချထားမှုအပေါ် မိမိဘာသာ တရားဝင်ဆိုင်းငံ့ထားခြင်းအား ဆက်လက်ထိန်းသိမ်းရမည့် အခြေအနေများ ပျောက်ကွယ်သွားပြီဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အလေးအနက်ပြောကြားခဲ့သည်။ အနောက်နိုင်ငံများ၏ ခြေလှမ်းများက ရုရှားနိုင်ငံနှင့် ထိစပ်နေသောဒေသများတွင် ဒုံးလက်နက် စွမ်းဆောင်ရည်များအပေါ် မတည်မငြိမ်ဖြစ်စေမှုကို အရှိန်မြင့်တက်စေကာ ရုရှားနိုင်ငံ၏ မဟာဗျူဟာလုံခြုံရေး အပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်ပေါ်စေသည်ဟုလည်း အဆိုပါဝန်ကြီးဌာနက ဆိုသည်။ အဆိုပါ နျူကလီးယားသဘောတူညီချက်မှာ အမေရိကန်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုအကြား လက်နက်ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ဖြစ်သည်။ သို့သော် ရုရှားဘက်က သဘောတူညီချက် အား လိုက်နာခြင်းမရှိဟုဆိုကာ အမေရိကန်က ၂၀၁၉ ခုနှစ်တွင် ၎င်းသဘောတူညီချက်မှ နုတ်ထွက်သွားခဲ့သည်။ ရုရှားနိုင်ငံကလည်း ထိုသဘောတူညီချက်အား ဆိုင်းငံ့ခဲ့ပြီး အမေရိကန်လုပ်ဆောင်ခဲ့သည့်နည်းတူ သတ်မှတ်ချက် အား တရားဝင်ဆိုင်းငံ့ကြောင်း ကြေညာခဲ့သည်။

05 Aug

ADVERTISE HERE .