“မကွေးတိုင်းဒေသကြီးရှိ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုတဲ့လုပ်ငန်းရှင်များ ဆက်သွယ်ဆောင်ရွက်နိုင်”

04 Aug

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုတဲ့ လုပ်ငန်းရှင်များအနေနဲ့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။ မကွေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံများကို အဓိကစိုက်ပျိုးတဲ့အတွက် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရန် အရည်အသွေးပြည့်အဆင့်မြင့်ဆီစက်များ အသုံးပြုရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်လာနိုင်မည် ဆိုပါက ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်လာပြီး နိုင်ငံအနေနဲ့လည်း ကုန်ထုတ်လုပ်ငန်းစုတိုးတက်လာပြီး နိုင်ငံ၏ GDP ကိုတိုးတက်စေမည်ဖြစ်ကြောင်း သိရပါတယ်။ ထို့ပြင် နိုင်ငံခြားသားစက်မှုလုပ်ငန်းတစ်ခုကိုလည်းအတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမတည်ငွေ အမေရိကန်ဒေါ်လာ သုည ဒသမ ၉၆၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၉ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုတဲ့လုပ်ငန်းရှင်များအနေနဲ့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။ (NVS 004)

04 Aug

ADVERTISE HERE .