“မန္တလေးရှိ ငလျင်အာမခံထားရှိသူများကို လျော်ကြေးပေးအပ်ပြီးဖြစ်”

04 Aug

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ နေအိမ်၊အဆောက်အဦများအတွက် အာမခံထားရှိသူ ၂၀၀ ကျော်ကို လျော်ကြေးပေးအပ်ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့အာမခံလုပ်ငန်းကနေ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးရှိ မြန်မာ့အာမခံလုပ်ငန်းတွင် သဘာဝဘေးအန္တရာယ်အတွက် အာမခံထားသူ ၃၀၀ ကျော်ရှိတဲ့အနက် ၂၀၀ ကျော်ကို လျော်ကြေးပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။ ယခင်က ပြည်သူအများစုဟာ မီးအာမခံတစ်ခုတည်းကိုသာ ဝယ်ယူကြပြီး ယခုအခါအလုံးစုံအာမခံကို ပိုမိုစိတ်ဝင်စားလာကြကြောင်း၊ အလုံးစုံအာမခံဆိုသည်မှာ စစ်ဘေးအပါအဝင် လေပြင်းမုန်တိုင်း၊ ရေကြီးရေလျှံ၊ ငလျင်ဘေး စသည့်သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ပေးလျော်မှုများပါဝင်ပါတယ်။ အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် အိမ်ခြေ ၆ သောင်းကျော်နှင့်အတူ အခြားအခြေခံအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

04 Aug

ADVERTISE HERE .