ကန့်ဘလူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲလျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့

03 Aug

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ကန့်ဘလူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၅၁,၅၉၉ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မေလမှစတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် ၅၁,၉၃၁ ဧက စိုက်ပျိုးပြီးစီးခဲ့လို့ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ မြေပဲကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှု ဖူလုံစေသည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်ခြင်းဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်လို့ မြေပဲကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းသင့်ကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရပါတယ်။(NVS 004)

03 Aug

ADVERTISE HERE .