“စတုတ္ထအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲ ကျင်းပမည်”
01 Aug
မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)က ကြီးမှူးပြီး စတုတ္ထအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ “သဘင်သက်ကြီး ပူဇော်ကန်တော့ပွဲ"ကို ဩဂုတ်လ တတိယအပတ်တွင် ရန်ကုန်မြို့၊ အင်းစိန်ဘူတာရုံလမ်းနှင့် လမ်းသစ်လမ်းထောင့်ရှိ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ရုံးသစ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ သက်ကြီးပူဇော်ပွဲအတွက် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စာရင်းကောက်ယူမှုအရ မြန်မာနိုင်ငံ တစ်ဝန်း အသက် ၇၅ နှစ်နှင့်အထက် သက်ကြီးသဘင်ပညာရှင်ကြီး ကန်တော့ခံပညာရှင်ကြီး ဦးရေ ၁,၀၀၀ ကျော်ကို ပူဇော်ကန်တော့သွားမှာဖြစ်ပါတယ်။ အဆိုပါ သဘင်သက်ကြီးပူဇော်ကန်တော့ပွဲကို ၂၀၂၄ ခုနှစ်တွင် ငွေကြေးအခက်အခဲ ကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယခု ၂၀၂၅ ခုနှစ်မှာ ပြန်လည်ကျင်းပခြင်းဖြစ်ပါတယ်။ ပူဇော်ပွဲတွင် နှစ်စဉ်လှူဒါန်းမြဲ စံနှုန်းအတိုင်း ပညာရှင်ကြီးတစ်ဦးလျှင် ကျပ်ငွေ တစ်သိန်းနှုန်းနှင့် လှူဖွယ်များကို လှူဒါန်းမှာဖြစ်လို့ အလှူငွေနှင့်ပစ္စည်းများ ပါဝင်လှူဒါန်းလိုပါက ဖုန်း - ၀၁၃၇၁၅၂၈၊ ၀၁၃၆၄၀၉၈၂၊ ၀၉၄၅၆၇၈၇၁၉၉ နှင့် ၀၉၅၀၇၂၉၄၄ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)