“Washington Open ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့တဲ့ ရာဒူကာနူ”

28 Jul

အမေရိကန်နိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ Washington Open တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးပွဲစဉ် ဆီမီးဖိုင်နယ် အဆင့်မှာ ရုရှားတင်းနစ်မယ် ကာလင်စကာရာ က ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ ကို လက်ရည်အသာနဲ့ နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အခုပြိုင်ပွဲရဲ့ ဗိုလ်လုပွဲတွင် ၂၀၂၁ US Open ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့ကြတဲ့ ရာဒူကာနူ နဲ့ ကနေဒါ တင်းနစ်မယ် လေလာ ဖာနန်ဒက်ဇ် တို့ ပြန်လည်ဆုံတွေ့မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် ရုရှားတင်းနစ်မယ် အန်နာ ကာလင်စကာရာ က ပယ်ဖျက်ပြခဲ့တာလည်း ဖြစ်ပါတယ်။ ကာလင်စကာရာ ဟာ WTA 500 ပြိုင်ပွဲတွေမှာ သူ့ရဲ့ ပထမဆုံးချန်ပီယံဆုဖလားကို ဒီပြိုင်ပွဲမှာ ရယူနိုင်ဖို့ ရည်မှန်းထားသူလည်း ဖြစ်ပါတယ်။ Washington Open ရဲ့ နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲမှာ ကနေဒါ တင်းနစ်မယ် လေလာ ဖာနန်ဒက်ဇ် က ကမ္ဘာ့အဆင့်(၃) ကာဇက်စတန်တင်းနစ်မယ် ရီဘာကီနာ ကို ၆-၇၊ ၇-၆၊ ၇-၆ ဆိုတဲ့ရလဒ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကာ ဗိုလ်ပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲအဆင့်ပြိုင်ပွဲကို ဇူလိုင်လ ၂၈ ရက်တွင် ကျင်းပမှာဖြစ်ပြီး လေလာဖာနန်ဒက်ဇ် နဲ့ ကာလင်စကာရာ တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။(NVS 008)

28 Jul

ADVERTISE HERE .