ယခုနှစ်အတွင်း လက်ဝှေ့လောကမှ အနားယူမည်ဖြစ်ကြောင်း အန်တိုနီဂျိုရှုအာ ထုတ်ပြန်
27 Jul
ဗြိတိန်လက်ဝှေ့သမား အန်တိုနီ ဂျိုရှုအာ အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း လက်ဝှေ့လောကမှ အနားယူရန် ဆုံးဖြတ်ထားကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အန်တိုနီ ဂျိုရှုအာ အနေနဲ့ ကမ္ဘာ့ဟဲဗီးဝိတ်တန်းလောကတွင် ပြိုင်ဘက်ကင်း ချန်ပီယံဆုကို ဆွတ်ခူးခဲ့ ဖူးသူဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံခါးပတ်များ ဆုံးရှုံးရခဲ့ပြီးနောက် ချန်ပီယံခါးပတ်များအား ပြန်လည်ရယူနိုင်ရေး အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့လို့ လက်ဝှေ့လောကကို စွန့်ခွာရန် ပြင်ဆင်လာခြင်း ဖြစ်ပါတယ်။ အန်တိုနီဂျိုရှုအာ အနေနဲ့ အနားမယူမီ ဗြိတိန်လက်ဝှေ့ပရိသတ်များ မြင်တွေ့ချင်နေသည့် ကမ္ဘာ့ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း တစ်နိုင်ငံတည်းသား တိုင်ဆန်ဖျူရီ နဲ့ ထိုးသတ်သွားရန် ဆန္ဒရှိနေတဲ့အပြင် Youtuber တစ်ဦးမှ ပရော်ဖက်ရှင်နယ် လက်ဝှေ့လောကသို့ ကူးပြောင်းလာသည့် ဂျိတ်ပေါလ် နဲ့လည်း ထိုးသတ် သွားရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ (NVS 008)