နာပိုလီအသင်းက တိုရီနိုအသင်း ဂိုးသမား ဗန်ဂျာ ကိုခေါ်ယူရန် သဘောတူညီမှုရရှိ

27 Jul

နာပိုလီအသင်းက တိုရီနိုအသင်းတွင် လက်စွမ်းပြသနေသည့် ဂိုးသမား ဗန်ဂျာ ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၁ သန်းဖြင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ရာ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ တိုရီနိုအသင်းက အသက် ၂၈ နှစ်အရွယ် ဂိုးသမား ဗန်ဂျာ ကို ၂၀၂၇ ခုနှစ်ထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သော်လည်း နည်းပြ ကွန်တီ က နာပိုလီအသင်းတွင် နံပါတ်တစ်ဦးစားပေး ဂိုးသမားနေရာအတွက် ဂိုးသမား ဗန်ဂျာ ကိုခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိ စီးရီးအေချန်ပီယံ နာပိုလီအသင်းက လာမည့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန် ပစ်မှတ်ထားနေတာကြောင့် နွေရာသီအပြောင်းအရွှေ့ကာလ စတင်ကတည်းက မန်စီးတီးအသင်းမှ ကွင်းလယ် ကစားသမား ဒီဘရိုင်း၊ အူဒီးနီးစ်အသင်းမှ တိုက်စစ်မှူး လူကာ၊ မာရီယန်နူစီ၊ ပီအက်စ်ဗွီအသင်းမှ တိုက်စစ်မှူး နိုအာလန်း၊ ဘိုလော့နာအသင်းမှ ခံစစ်ကစားသမား ဘူကီမာ တို့ ငါးဦးကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဂိုးသမား ဗန်ဂျာ ကို ခြောက်ယောက်မြောက် ကစားသမားအဖြစ် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

27 Jul

ADVERTISE HERE .