မေဂျာလိဂ်အဖွဲ့ချုပ်က တိုက်စစ်မှူး မက်ဆီ နဲ့ အလာဘာ တို့ကို တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်

27 Jul

မေဂျာလိဂ်အဖွဲ့ချုပ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပြုလုပ်ခဲ့သည့် လီဂါမက်အောစတားအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ မေဂျာလိဂ်အောစတားအသင်းအတွက် ပါဝင်ကစားပေးရန် ငြင်းဆိုခဲ့တဲ့ တိုက်စစ်မှူး မက်ဆီ နဲ့ အသင်းဖော် ကစားသမား အလာဘာ တို့ကို တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။ တိုက်စစ်မှူး မက်ဆီ နဲ့ အလာဘာ တို့ဟာ မေဂျာလိဂ်အဖွဲ့ချုပ်ကစီစဉ်ထားသည့် ခြေစမ်းပွဲစဉ်တွင် ကစားသမားစာရင်း၌ ပါဝင်ခဲ့သော်လည်း ကစားသမားနှစ်ဦးလုံးက ဒဏ်ရာပြဿနာမရှိဘဲ ပြိုင်ပွဲကို ပါဝင်ကစားရန် ပျက်ကွက်ခဲ့သောကြောင့် အဖွဲ့ချုပ်အနေဖြင့် တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ မေဂျာလိဂ်ကော်မရှင်နာ ဂါဘာ က မက်ဆီ အနေနဲ့ မေဂျာလိဂ်ကို ချစ်မြတ်နိုးပြီး အင်တာမီယာမီအတွက် ပေးဆပ်ဖို့ ဆုံးဖြတ်ထားတာကို နားလည်ကြောင်း၊ လိဂ်ရဲ့မူဝါဒအရ မြောက်အမေရိက ဘောလုံးလောကမှာ အမျိုးသားထိပ်သီးလိဂ်လေးခုက အောစတားအသင်းလေးသင်းကို ပြိုင်ပွဲကျင်းပပေးပြီး ကစားသမားများ တိုးတက်မှုရှိအောင် လုပ်ဆောင်ပေးနေခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

27 Jul

ADVERTISE HERE .