ပီအက်စ်ဂျီအသင်းက ကိုးလ်ပယ်မာ ကို ဘောလုံးလောက စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူရန် ကြိုးပမ်း
27 Jul
ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းက ချယ်လ်ဆီးအသင်းမှ လူငယ်ကွင်းလယ်ကစားသမား ကိုးလ်ပယ်မာ ကို ဘောလုံးလောကတွင် စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့် ယူရို သန်း ၂၅၀ ဖြင့်ခေါ်ယူရန် ပြင်ဆင် လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ကိုးလ်ပယ်မာ ဟာ မန်စီးတီးအသင်း အကယ်ဒမီထွက်ကစားသမား တစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို မန်စီးတီးအသင်းနှင့်အတူ ၂၀၂၀ ပြည့်နှစ်က စာချုပ်ချုပ်ဆိုကာ စတင်ခဲ့သော်လည်း မန်စီးတီးအသင်း၌ နည်းပြ ဂွါဒီယိုလာ လက်အောက်တွင် ပွဲကစားခွင့်မရရှိလို့ ၂၀၂၃ ခုနှစ်မှာ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။ ကိုးလ်ပယ်မာ အနေနဲ့ ချယ်လ်ဆီးအသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီတွင်ပင် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အပြင် တိုက်စစ်ပိုင်းအထိ အကောင်းဆုံးလိုက်ပါ ကစားနိုင်ခဲ့ကာ ပြိုင်ပွဲစုံ ၄၅ ပွဲတွင် ၂၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့အတူ ယူရိုပါကွန်ဖရင့်လိဂ်ဖလားနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးနိုင်ရာမှာလည်း အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းက ခေါ်ယူရန် ပြင်ဆင်လာခြင်းဖြစ်ပါတယ်။(NVS 008)