အာဆင်နယ်အသင်းတွင် တိုက်စစ်ကစားသမား ဂရိုကီယက်စ် ကျောနံပါတ်(၁၄)ကို ဝတ်ဆင်ကစားမည်

27 Jul

လက်ရှိ ကစားသမားအပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းအသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှုရရှိထားသည့် တိုက်စစ်ကစားသမား ဂရိုကီယက်စ် အနေနဲ့ အာဆင်နယ် အသင်းတွင် ဂန္ထဝင်ကျောနံပါတ်တစ်ခုဖြစ်တဲ့ ကျောနံပါတ်(၁၄)ကို ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။ ဂရိုကီယက်စ် ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက စပို့တင်းလစ္စဘွန်းအသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြ နိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းက လက်ရှိအပြောင်းအရွှေ့ကာလ အစပိုင်းကတည်းက ခေါ်ယူရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပြီး စပို့တင်းလစ္စဘွန်းအသင်းနှင့် အာဆင်နယ်အသင်းတို့ကြား စာချုပ်ဖျက်သိမ်းကြေးညှိနှိုင်းမှု အဆင်မပြေမှုကြောင့် ကြန့်ကြာနေခဲ့ပါတယ်။ ဂရိုကီယက်စ် ကိုယ်တိုင်က အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကစားလိုနေတဲ့အတွက် နောက်ဆုံးတွင် သဘောတူညီမှုရရှိခဲ့ကာ လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းတွင် ကျောနံပါတ်(၁၄)ကို အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သလို အသင်းသမိုင်း တစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ အွန်နရီ က ကာလရှည်ဝတ်ဆင်ကစားခဲ့ ပါတယ်။ လက်ရှိတွင် အာဆင်နယ်အသင်း၌ ကျောနံပါတ် (၁၄)ဝတ်ဆင်ကစားနေတဲ့ ကစားသမားမရှိသေးဘဲ လစ်လပ်နေတဲ့အတွက် ဂရိုကီယက်စ် က ကျောနံပါတ်(၁၄)ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။(NVS 008)

27 Jul

ADVERTISE HERE .