ဘောလုံးဆက်ကစားချင်သေးတာကြောင့် အနားယူဦးမှာမဟုတ်ဘူးလို့ သောမတ်စ်မူလာ အတည်ပြု ပြောကြား
26 Jul
ပြီးခဲ့တဲ့ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့လမ်းခွဲခဲ့တဲ့ ဂျာမန်တိုက်စစ်ကစားသမား အသက် ၃၅ နှစ်အရွယ် သောမတ်စ်မူလာ က ဘောလုံးဆက်ကစားချင်သေးတာကြောင့် အနားယူဦးမှာမဟုတ်ဘူးလို့ ပြောကြား ခဲ့ပါတယ်။ သောမတ်စ်မူလာ ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေပါတယ်။ သောမတ်စ်မူလာ ဟာ မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားဖို့ အလားအလာများနေပြီး လာမယ့်နှစ်မှာ ကမ္ဘာ့ ဖလားပြိုင်ပွဲကို လက်ခံကျင်းပမယ့် အမေရိကန်နိုင်ငံက မေဂျာလိဂ်ပြိုင်ပွဲဟာ စိတ်ဝင်စားစရာကောင်းတယ် လို့လည်း ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါအပြင် သောမတ်စ်မူလာ ကလည်း ဘောလုံးသမားတစ်ယောက်အဖြစ် ဆက်ရှိနေဦးမှာလို့ ဆိုခဲ့ပါတယ်။ (NVS 008)
26 Jul