နာပိုလီနဲ့အပြိုင် ဖူလ်ဟမ်အသင်းက စတာလင်ကို ကမ်းလှမ်းဖို့ စီစဉ်နေ

26 Jul

ဖူလ်ဟမ်အသင်းဟာ ချဲလ်ဆီးအသင်းမှ အင်္ဂလန်တောင်ပံကစားသမား စတာလင် ကို နာပိုလီအသင်းနဲ့ အပြိုင် ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အစောပိုင်းက စတာလင်ကို ခေါ်ယူဖို့ ပြည်ပကလပ် အသင်း တွေကသာ စိတ်ဝင်စားနေကြောင်း သတင်းထွက်ခဲ့ပြီး ယခုအခါ ဖူလ်ဟမ်အသင်းကလည်း ကမ်းလှမ်းတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ရာသီက စတာလင်ကို အာဆင်နယ်အသင်းသို့ အငှားချခဲ့ပြီး ဒီနွေမှာတော့ အပြီးသတ်ရောင်းချဖို့ အရောင်းစာရင်း တင်သွင်းထားပါတယ်။ စတာလင်၏ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဖူလ်ဟမ်အသင်းသာ အမှန်တကယ်ကမ်းလှမ်းလာခဲ့ရင် စတာလင်အနေနဲ့ လန်ဒန်မှာပဲ ဆက်လက်ကစားရမှာဖြစ်တာကြောင့် ဦးစားပေးရွေးချယ်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးနေ ကြပါ တယ်။ (NVS 008)

26 Jul

ADVERTISE HERE .