PSG အသင်း ဂိုးသမား ဒွန်နာရမ်မာကို ရောင်းထုတ်ဖွယ်ရှိ

26 Jul

PSG အသင်းဟာ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ အသက် ၂၆ နှစ်အရွယ် အီတလီဂိုးသမား ဒွန်နာရမ်မာကို ဒီနွေရာသီမှာ ရောင်းထုတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒွန်နာရမ်မာ ဟာ ၂၀၂၆ ခုနှစ်မှာ စာချုပ် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် သက်တမ်းမတိုးနိုင်ပါက PSG အသင်းအနေနဲ့ လာမယ့်နှစ်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ပြုရမှာ ဖြစ်ပါတယ်။ PSG အသင်းက ဒွန်နာရမ်မာကို အေစီမီလန် အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူထားခဲ့ပေမဲ့ လစာများစွာ ပေးချေထားရတဲ့ ကစားသမားဖြစ်တာကြောင့် အလွတ်ထွက်ခွာခွင့်ပြုလိုခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ပြောင်းရွှေ့ကြေးရရှိမယ့် အခုနွေရာသီမှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက် နေခြင်း ဖြစ်ပါတယ်။ PSG အသင်းက ဒွန်နာရမ်မာ နေရာမှာအစားထိုးဖို့ လိုင်လီအသင်းက ပြင်သစ်ဂိုးသမား ချီဗာ လီယာကို ချိန်ရွယ်နေပြီး လိုင်လီအသင်းက ပေါင်သန်း ၄၀ ဝန်းကျင် အလိုရှိနေပါတယ်။ ဂိုးသမား ဒွန်နာရမ်မာ ကလည်း ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားဖို့ မျှော်မှန်းနေတယ်လို့ သိရပါတယ်။ (NVS 008)

26 Jul

ADVERTISE HERE .