မန်စီးတီးအသင်းနဲ့ ထရက်ဖိုဒ် ငါးနှစ်စာချုပ် ချုပ်ဆို
26 Jul
ဂိုးသမား ဂျိမ်းထရက်ဖိုဒ်ဟာ မန်စီးတီးအသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့မှာဖြစ်ပြီး အသင်းနဲ့ ငါးနှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်လည်းဖြစ်သူ အသက် ၂၂ အရွယ် ထရက်ဖိုဒ်နဲ့ မန်စီတီးအသင်းတို့ စာချုပ်မှာ တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ထရက်ဖိုဒ် ဟာ မန်စီးတီးအသင်းအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ပေါင် ၁၉ သန်းအထိ ရှိနိုင်မယ့် ပြောင်းရွှေ့ကြေးနဲ့ ဘန်လေအသင်းကို ထွက်ခွာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့် ရခဲ့တဲ့ ဘန်လေအသင်းမှာ ထရက်ဖိုဒ်ရဲ့လက်စွမ်းက အကောင်းဆုံးသက်သေ ဖြစ်ခဲ့ပါတယ်။ ထရက်ဖိုဒ် ဟာ လိဂ်ချန်ပီယံရှစ် ၄၅ ပွဲ ကစားပြီး clean sheet ၂၉ ပွဲအထိရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းကလည်း ထရက်ဖိုဒ်ကို ရောင်းချချိန်က buy-back clause ထည့်သွင်းထားပြီး ဒီပမာဏအတိုင်း ပြန်လည်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကလည်း ပေါင် ၂၇ သန်းနဲ့ ထရက်ဖိုဒ်ကို ကမ်းလှမ်း ခဲ့ပေမဲ့ ကစားသမားက မန်စီးတီးအသင်းကိုသာ ပြန်ဖို့ ရွေးချယ်ခဲ့ပါတယ်။ (NVS 008)