လိဂ်ချန်ပီယံရှစ်မှ ဝက်ဆမ်အသင်း အဲရစ်ဆင်ကို ခေါ်ယူဖို ချဉ်းကပ်နေ

26 Jul

အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒိန်းမတ်ဝါရင့်ကွင်းလယ်လူ အဲရစ်ဆင်ကို လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဆမ်အသင်းဟာ ခေါ်ယူဖို ချဉ်းကပ်နေတယ်လို့ သိရပါတယ်။ အဲရစ်ဆင်ဟာ မန်ယူအသင်းနဲ့ ပြီးခဲ့တဲ့ ရာသီကုန် ချိန်မှာ လမ်းခွဲခဲ့သူ ဖြစ်ပါတယ်။ လိဂ်ချန်ပီယံရှစ်တန်းတက်ကလပ်ဖြစ်တဲ့ ဝက်ဆမ်အသင်းဟာ ၄၄ နှစ်အတွင်း အင်္ဂလိပ်ဘောလုံးလိဂ် ဒုတိယတန်းအဆင့်ကို ပထမဆုံးအကြိမ် တန်းတက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဝက်ဆမ်အသင်းကို ဟောလိဝုဒ်က နာမည်ကျော်တွေဖြစ်တဲ့ Ryan Reynolds နဲ့ Rob McElhenney တိုက ပိုင်ဆိုင်ထားပါတယ်။ အဲရစ်ဆင်ရဲ့ အေးဂျင့်ဖြစ်သူကလည်း ဝက်ဆမ်အသင်းမှာ ကြီးမားတဲ့စီမံကိန်းတွေရှိပေမဲ့ သူ့ကစားသမားက ပထမတန်း အဆင့်နဲ့ အနောက်ဥရောပမှာ ကစားချင်နေဆဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။ (NVS 008)

26 Jul

ADVERTISE HERE .