အိန္ဒိယသံရုံးနှင့် အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကျင်းပသည့် '' PHARMA CONNECT 2025 '' အခမ်းအနားနှင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်
26 Jul
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကျင်းပသည့် ''PHARMA CONNECT 2025 '' အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ Pan Pacific ဟိုတယ်တွင် ဇူလိုင် လ ၂၅ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အခမ်းအနားတွင် ''Challenges and way forward in Myanmar's Pharmaceutical Industry '' ခေါင်းစဉ်ဖြင့် ပြည်တွင်းဆေးဝါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍများမှ တာဝန်ရှိသူများပါဝင်သည့် စကားဝိုင်းဆွေးနွေးပွဲကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri. Abhay Thakur ၊ ၊ အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်း(IMCC)မှ ဥက္ကဋ္ဌ Mr. Naresh Kumar Dinodiva နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်တဲ့ '' Challenges and way forward in Myanmar's Pharmaceutical Industry '' ကို ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် အိန္ဒိယ-မြန်မာကုန်သည်ကြီး များအသင်း (IMCC) မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)